Monday, March 21, 2016

"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၃)"


............................
(က)-ဤစာရေးသူအား အိပ်ရာဝင်တဲ့ အချိန်တိုင်းမှာပဲ မေတ္တာပွါးပို့ပြီးနောက် သတိပဋ္ဌာန်မှတ်သိမှုတွေနဲ့အတူ စိတ်ခံစားမှု အေးငြိမ်းစွာနဲ့ သက်သာလွယ်ကူစွာ အိပ်ပျော်တတ်အောင် လ,နှစ်များစွာ လေ့ကျင့်ခဲ့ပါတယ်။
-အဲဒီလိုမျိုး..လ,နှစ်များစွာ လေ့ကျင့်စွဲမြဲနိုင်တဲ့အတွက်ကြောင့် ဤစာရေးသူအား..အိပ်ရာဝင်ပြီဆိုရင် သူ့အလိုအလျောက်ပင် မေတ္တာပွါးပို့ပေးရန် သတိတွေက ပေါ်ထင်လာတတ်ပြီးတော့ ၀ီရိယတွေကလဲ တကယ်လက်တွေ့ပဲ မေတ္တာပွါးပို့ပါတော့တယ်..သတိပဋ္ဌာန် မှတ်သိပါတော့တယ်။

(ခ)-ဤစာရေးသူအား အိပ်ရာထတဲ့ အချိန်တိုင်းမှာလဲ မေတ္တာစိတ်ခံ..သတိပဋ္ဌာန်မှတ်သိမှုတွေနဲ့အတူ စိတ်ခံစားမှု အေးငြိမ်းစွာနဲ့ အိပ်ရာထတတ်နိုင်အောင်..လ,နှစ်များစွာ လေ့ကျင့်ခဲ့ပါတယ်။
-အဲဒီလိုမျိုး..လ,နှစ်များစွာ လေ့ကျင့်စွဲမြဲနိုင်ခဲ့လို့..ဤစာရေးသူအား..အိပ်ရာထတဲ့အခါတိုင်းဝယ်..သူ့အလိုအလျောက်ပင် မေတ္တာစိတ်ခံ..သတိပဋ္ဌာန်မှတ်သိမှုတွေက သူ့ဘာသာသူ ဖြစ်ဖြစ်သွားတတ်တယ်..နည်းလမ်းမှန်စွာနဲ့ စွဲစွဲမြဲမြဲ လိုက်စားနိုင်ရင် တကယ့်တရားသဘောက အံ့ဩလောက်အောင် အမှန်ဆန်းကြယ်ပါတယ်။

(ဂ)-ဤစာရေးသူမှာ ပုထုဇဉ်သာမို့ ပိုက်ဆံရကြောင်းအတွက် လောဘရှိပါတယ်၊-ပိုက်ဆံရကြောင်းအတွက် နေ့စဉ်လိုလို ဆိုင်ကယ်ပေါ်တက်ထိုင်ကာ ဟိုနားမောင်းသွား ဒီနားမောင်းသွားနေတဲ့အခိုက်မှာလဲပဲ..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုတဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိတရနဲ့..စိတ်တွင်းထဲမှ တွတ်တွတ်ရွတ်ဆိုကာ စောင့်ထိန်းနေပါတယ်။

(ဃ)-ဤစာရေးသူမှာ ပုထုဇဉ်သာမို့လို့ လူတွေကြားဝယ် လှုပ်ရှားသွားလာရတဲ့အခိုက် မိန်းကလေးလှတာ မြင်တွေ့မိသွားရင် သာမန်ယောက်ျားတွေလိုပဲ ငမ်းမိတတ်ပါတယ်၊
-အဲဒီလိုမျိုး မိန်းကလေးလှတာမြင်ရလို့ ငမ်းမိတတ်ပေမဲ့..ပါးစပ်နဲ့ ဟိုပြောဒီပြော..မပြောဆိုမိအောင် သတိဆောင်နိုင်ခဲ့တယ်၊-မိန်းကလေးလှတာမြင်ရလို့ ငမ်းမိတတ်ပေမဲ့..မျက်စိမှိတ်ပြခြင်း..လျှာထုတ်ပြခြင်း..လက်ဖျစ်တွက်ခြင်း..လက်ခုတ်တီးခြင်း..လက်ဖြင့် ဘယလို ညာလို အရိပ်နိမိတ်ပြခြင်း..စသည်ဖြင့် ရုပ်ဟန်အထားအနေ ဖောက်လွှဲဖောက်ပြန်မှုတွေ မဖြစ်ခဲ့ပါ..မဖြစ်ရအောင်လဲ သတိဆောင်နိုင်ခဲ့တယ်၊ဤစာရေးသူအား မြန်မာနိုင်ငံတွင်၎င်း၊-ထိုင်းနိုင်ငံတွင်၎င်း၊အခု ဒီမလေးရှားနိုင်ငံတွင်၎င်း..မိန်းမနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမှပင် ဖောက်လွှဲဖောက်ပြန် မဖြစ်ဘူးပါ..မဖြစ်ရအောင်လဲ သတိဆောင်နိုင်ခဲ့တယ်..
-အထက်ပါရေးသားချက်များဖြင့် ..နည်းလမ်းမှန်စွာနဲ့ စွဲစွဲမြဲမြဲ လိုက်စားနိုင်ရင် တကယ့်တရားသဘောက အံ့ဩလောက်အောင် အမှန်ဆန်းကြယ်ပါတယ်လို့ ဤစာရေးသူမှ အထူးသိစေချင်ကြောင်းပါ..။

(င)-ဤစာရေးသူမှာ ပုထုဇဉ်သာမို့လို့ ပိုက်ဆံများများရပြီး သူဋ္ဌေးဖြစ်အောင် မကြာခဏတွေးတတ်တယ်..သမ္မာအာဇီဝနဲ့ ပိုက်ဆံရကြောင်း..နည်းလမ်းရှာပါတယ်၊
-တစ်လတွင် မလေးငွေ RM တစ်သောင်းလောက်(မြန်မာကျပ် သိန်း ၃၀-ခန့်)ပုံမှန် ရနိုင်အောင် ငါတို့တွေ ဘယ်လိုလုပ်ကြမလဲလို့ ၀ါရင့်ကန်ထရိုက်သမား သူငယ်ချင်းများနဲ့ တမင်္ဂလာတွေ့ဆုံ..စားသောက်ကြရင်းနဲ့ မကြာခဏတိုင်ပင်တယ်..အဲဒီလိုမျိုး ပိုက်ဆံဘက်မှာ လောဘတက်နေပေမဲ့...ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုတဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိတရနဲ့..စိတ်တွင်းထဲမှ တွတ်တွတ်ရွတ်ဆိုဘို့ရန် မမေ့ခဲ့ပါ၊
-အလုပ်အားလပ်ချိန်..တစ်ကိုယ်တည်းနေရချိန်တွင်လဲ သတိပဋ္ဌာန်မှတ်သိဘို့ရန် မမေ့ခဲ့ပါ..ညစဉ် ညစဉ် တောင်တက် တောတွင်းဝင်ကာ တစ်ကိုယ်တည်းနေလို့ သမထကျင့်ပွါးဘို့ရန် မပျက်ကွက်ပါ..

--အထက်ပါရေးသားချက်များဖြင့် ..နည်းလမ်းမှန်စွာနဲ့ စွဲစွဲမြဲမြဲ လိုက်စားနိုင်ရင် တကယ့်တရားသဘောက အံ့ဩလောက်အောင် အမှန်ဆန်းကြယ်ပါတယ်လို့ ဤစာရေးသူမှ စာဖတ်သူများအတွက် အထူးသိစေလို အထူးဖြစ်စေလိုပါကြောင်းခင်ဗျာ ။
++++++++++++++++++++

No comments:

Post a Comment