Monday, March 21, 2016

"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၂)


********************************************
-အကျွန်ပ်သည် ဂေါတမဗုဒ္ဓအား ကိလေသာကင်းစင်ပြီးသူ=ရဟန္တာဟူ၍၎င်း၊-တရားအလုံးစုံတို့တွင် ထိုးထွင်းသီမြင်ပြီးသူ=သဗ္ဗညုတရွှေဥာဏ်တော်ရှင်ဟူ၍၎င်း..အကျွန်ပ်ရဲ့ စိတ်အိမ်နှလုံးသားထဲဝယ် လုံးဝကြီးပင် ယုံကြည်သိမှတ်ထားပါ၏၊

-ဤမှန်ကန်သော သစ္စာစကားကြီးအစွမ်းကြောင့်၎င်း၊-အကျွန်ပ်ကိုယ်တိုင်ရဲ့ ပြုပြီး ပြုဆဲ ပြုလတ္တံ့ဖြစ်ကုန်သော အားလုံးကုန်သော မဟာကုသိုလ်ကံတရားသား သတ္တိအားများ အမျိုးပေါင်းစုံကြောင့်၎င်း၊သဗ္ဗညုတရွှေဥာဏ်တော်ရှင် ဂေါတမမြတ်ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူုးတော် အာနုဘော်တော်တို့ကြောင့်၎င်း..

-အကျွန်အား မန္တာန်အတတ်နှင့်ဆိုင်ရာများ,ဆေးအတတ်နှင့်ဆိုင်ရာများ,မဟာဂန္ဓာရီ သိဒ္ဓိလမ်းစဉ်နှင့်ဆိုင်ရာများ,ကမ္မ၀ါဒတို့နှင့်ဆိုင်ရာများ,သမထကျင့်စဉ်တို့နှင့်ဆိုင်ရာများ အပါအ၀င်..လောကီနှင့်ဆိုင်ရာ အသိဥာဏ်စဉ်များ..အတတ်ဥာဏ်စဉ်များ အမျိုးပေါင်းစုံ အားလုံးတို့တွင် ထုံးလိုချေ ရေလိုနှောက် အရည်ကျိုသောက်နိုင်သည့် အဆင့်သို့တိုင်အောင် မြဲတည်မြဲခိုင်,,ပိုင်နိုင်စွာဖြင့် တတ်မြောက်ကျွမ်းကျင်ရစေသား..၊
- မြဲတည်မြဲခိုင်,,ပိုင်နိုင်စွာဖြင့် တတ်မြောက်ကျွမ်းကျင်ရစေသတည်း။
+++++++++++++++++++++++++++++++++

-အထက်ပါရေးသားချက်တို့ထဲက..ကျင့်စဉ်+သစ္စာဆိုနှင့်အထူးဆုတောင်းခြင်း-ဆိုတဲ့ လျှို့ဝှက်လုပ်ကွက်များကို ဤစာရေးသူအား ၂၀၁၆ ခုနှစ်.. နှစ်ဆန်းတစ်ရက်နေ့ရဲ့ အိပ်ရာထချိန်မှသည် နေ့စဉ်ပုံမှန်ကျင့်ဝတ် ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်,ခရစ်ယာန်ဘာသာဝင်,ဟိန္ဒူဘာသာဝင် အခြားသောဘာသာဝင်များနဲ့ ဆိုကရေးတီး ပလေတိုးကဲ့သို့သော ဘာသာမဲ့ ကလေက၀များအပါအ၀င်..ယထာဘူတဥာဏ်စဉ် ပရမတ္တဥာဏ်စဉ်မရှိနိုင်သော နလဘိန်းတုံးဗုဒ္ဓဘာသာဝင်'ညံ့ညံ့များနှင့်တကွ မြတ်ဗုဒ္ဓရဲ့ဘုရားဂုဏ်ကျေးဇူးတော်တို့၌ အာဂမသဒ္ဓါ..အဓိဂမသဒ္ဓါတရားဖြင့် မတုန်မလှုပ်ကြည်ညိုလေးမြတ်နိုင်သောအဆင့်တွင် ဗုဒ္ဓယုံကြည်မှု'မြဲခိုင်ထားခြင်း မရှိနိုင်သေးသည့် လူညံ့ ရဟန်းညံ့ ကတုံးညံ့ညံ့တို့အနေနဲ့..လုံးဝပင် အသုံးချခွင့်ကို မရနိုင် မဆက်ဆံနိုင်သော တန်ဘိုးကြီးမားလှသော သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ အစစ်အမှန်ဖြစ်ပါတယ်။
-အထက်ပါရေးသားချက်တို့ထဲက..ကျင့်စဉ်+သစ္စာဆိုနှင့်အထူးဆုတောင်းခြင်း-ဆိုတဲ့ လျှို့ဝှက်လုပ်ကွက်များကို ဤစာရေးသူသည် သိလသိက္ခာအဆင့်..၀ိသုဒ္ဓိအတန်းဝင်ထားခြင်းအခြေခံတို့ဖြင့်၎င်း၊-ယထာဘူတဥာဏ်စဉ်တို့တွင် ရောက်ဆိုက်မြဲခိုင်ထားပြီးခြင်း အခြေခံတို့ဖြင့်၎င်း၊-မဟာဝိပသနာ(သင်္ခါရုပေက္ခာ)ဥာဏ်စဉ်အတန်းဝယ် ရောက်ဆိုက်မြဲခိုင်ပြီးခြင်း အခြေခံတရားဖြင့်၎င်း..အာဂမသဒ္ဓါ,အဓိဂမသဒ္ဓါတို့ဖြင့် ဗုဒ္ဓယုံကြည်မှုတို့..မတုန်မလှုပ် မြဲခိုင်ထားပြီးခြင်း စိတ်သတ္တိကြီး'အခြေခံ အင်အားများဖြင့်၎င်း..ဤယ္ခုနှစ် ၂၀၁၆ အတွင်းမှာပဲပေါ့နော..သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်စေဘို့အတွက်..အထူးရည်ရွယ်ချက်နဲ့ နေ့စဉ်နေ့စဉ် လေ့ကျင့်ခန်းဝင်ကာ..
"ငါ့အကြံ အောင်ရမည်"လို့..စိတ်ချလက်ချ နေပါသတည်းတဲ့ခင်ဗျာ..။
++++++++++++++++++++++++

(-ဤစာမျက်နှာ ၂-ခုထဲက ရေးသားချက်တို့'အားလုံးသည် ဤစာရေးသူကဲ့သို့ အတုလိုက် လုပ်ဆောင်လိုသူ..
-ယထာဘူတဥာဏ်စဉ်'ရှိထားသူ+ဗုဒ္ဓယုံကြည်မှုတို့'မတုန်မလှုပ်'မြဲခိုင်ထားပြီးသူတို့အတွက် လက်တွေ့အသုံးချနိုင်သည့်.. အောင်ခန်းဝင်'မဟာဂမ္ဘီရသင်္ခန်းစာများ အတိအကျ ဖြစ်ပါ၏၊
-ဆုထူးပန်,ဆုကြီးပန်တို့အား အထူးမှာခဲ့ချင်တာကတော့..ကာမေသု မိစ္ဆာစာရ နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိ-နဲ့ မိမိရဲ့ သီလသိက္ခာအဆင့်ကို မြ~ှင့်တင်ပြင်းထန်ထားပါက လျင်စွာခရီးရောက်နိုင်ပါကြောင်းပေါ့နော..။)
++++++++++++++++++++

"ယ္ခု စာဖတ်နေသူများအပါအ၀င် လူနတ် ၀ိဇ္ဇာဓိုရ်အပေါင်းတို့အား >စိမ်ရေပြယ် ကျိန်စာဖယ်လို့ အကုသိုလ်ကွယ် အန္တရာယ်ပျောက်ပြီးလျင် ကိုယ်စိတ်နှစ်ပါးစုံတို့၌ ကျမ္မာကြပါစေ၊ချမ်းသာကြပါစေ၊ဘေးရန်ဆင်းရဲအပေါင်းတို့မှ ကင်းဝေး,ကင်းလွတ်ကြပါစေ၊..မိမိတို့အတွက် ရသင့် ရထိုက်သမျှသော ကောင်းကျိုးသုခများကို 'အချိန်မှီအမြန်မှီ'ဖြစ်စေလျက် ရရှိပိုင်ဆိုင်နိုင်ပါစေ၊-အချိန်မှီအမြန်မှီ ဖြစ်စေလျက် ရယူပိုင်ဆိုင်နိုင်ပါစေ"..
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

No comments:

Post a Comment