Monday, March 21, 2016

"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၁


**********************************************
-အကျွန်ပ်သည် မနေ့တုံးက..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုအပ်တဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိဆောင်ကာ စောင့်ထိန်းအောင်မြင်ခဲ့ပြီး အမှန်ဖြစ်ပါ၏၊

-အကျွန်ပ်သည် ဤယနေ့အဘို့မှာလည်း..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုအပ်တဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိဆောင်ကာ စောင့်ထိန်းအောင်မြင်နေဆဲ..အမှန်ဖြစ်ပါ၏၊

-အကျွန်ပ်သည် မနက်ဖန်နေ့အဘို့မှာလဲပဲ..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုအပ်တဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိဆောင်ကာ စောင့်ထိန်းအောင်မြင်နိုင်လိမ့်ဦးမည် အမှန်ဖြစ်ပါ၏၊
-ဤမှန်ကန်သော သစ္စာစကားကြီးအစွမ်းကြောင့်၎င်း၊-အကျွန်ပ်ကိုယ်တိုင်ရဲ့ ပြုပြီး ပြုဆဲ ပြုလတ္တံ့ဖြစ်ကုန်သော အားလုံးကုန်သော မဟာကုသိုလ်ကံတရားသား သတ္တိအားများ အမျိုးပေါင်းစုံကြောင့်၎င်း၊သဗ္ဗညုတရွှေဥာဏ်တော်ရှင် ဂေါတမမြတ်ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူုးတော် အာနုဘော်တော်တို့ကြောင့်၎င်း..

-အကျွန်အား မန္တာန်အတတ်နှင့်ဆိုင်ရာများ,ဆေးအတတ်နှင့်ဆိုင်ရာများ,မဟာဂန္ဓာရီ သိဒ္ဓိလမ်းစဉ်နှင့်ဆိုင်ရာများ,ကမ္မ၀ါဒတို့နှင့်ဆိုင်ရာများ,သမထကျင့်စဉ်တို့နှင့်ဆိုင်ရာများ ,အကျွန်ပ်ကိုယ်တိုင်ရဲ့ ယ္ခုပစ္စုပ္ပန်ဘ၀'အပါအ၀င် အတိတ်ဘ၀တို့နှင့်ဆိုင်ရာများ..လောကီနှင့်ဆိုင်ရာ အသိဥာဏ်စဉ်များ..အတတ်ဥာဏ်စဉ်များ အမျိုးပေါင်းစုံ အားလုံးတို့တွင် မေ့လျော့နေသည်များကို--အန္တရာယ်ကင်းရှင်းစွာနှင့်,ထင်ရှားရှင်းလင်းစွာဖြင့် ပြန်လည်ကာ အောက်မေ့နိုင်ရပါစေသား,,အန္တရာယ်ကင်းရှင်းစွာနှင့်,
ထင်ရှားရှင်းလင်းစွာဖြင့် ပြန်လည်ကာ အောက်မေ့နိုင်ရပါစေသတည်း၊
+++++++++++++++++++++++++++++++++

(-အထက်ပါရေးသားချက်တို့ထဲက..ကျင့်စဉ်+သစ္စာဆိုနှင့်အထူးဆုတောင်းခြင်း-ဆိုတဲ့ လျှို့ဝှက်လုပ်ကွက်များကို ဤစာရေးသူအား ၂၀၁၆ ခုနှစ်ရဲ့ နှစ်ဆန်းတစ်နေ့ရဲ့ 'ည'မှသည် ညပိုင်းအချိန် ပီနန်တောင် တောထဲအတွင်း..ကမ္မဋ္ဌာန်းလေ့ကျင့်မှုတို့ အပြီး..အိပ်ရာဝင်ခါနီးအချိန်..ညစဉ်ပုံမှန်ကျင့်ဝတ် ဖြစ်ပါ၍ ရှေးရှေးထွက်ရပ်ပေါက် ပုဂ္ပိုလ်ထူးများမှ အထူးလျှို့ဝှက်ထားကြတဲ့ တန်ဘိုးကြီးမားလှသော သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ အစစ်အမှန်ဖြစ်ပါတယ်။)
++++++++++++++++++++++++
"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၂ )
**********************************************
??????????????????????????????????????

No comments:

Post a Comment