tag:blogger.com,1999:blog-63545605180697138072024-03-19T23:57:26.575-07:00သမာဓိဥာဏ်စဉ် သတ္တိစွမ်းတို့ကို လက်တွေ့ အသုံးပြုခဲ့ပုံ မှတ်တမ်းများလူသားတို့အား-ဘ၀သစ္စာသိမှု အလင်းဥာဏ်စဉ်ကို ရရှိသွားစေရန်-ကူညီပြဆောင်ပေးခြင်းသည်-နိုင်ငံရေး အလုပ်တို့ထက်-အဆပေါင်းများစွာ-ပိုလွန် မြင့်မြတ်၏ထိုက်http://www.blogger.com/profile/05602219441973846892noreply@blogger.comBlogger4125tag:blogger.com,1999:blog-6354560518069713807.post-2426801115680558162016-03-21T21:22:00.003-07:002018-05-13T23:22:20.104-07:00"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၁
-အကျွန်ပ်သည် မနေ့တုံးက..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ
ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ
ဝေရမဏိ-လို့ဆိုအပ်တဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိဆောင်ကာ
စောင့်ထိန်းအောင်မြင်ခဲ့ပြီး အမှန်ဖြစ်ပါ၏၊
-အကျွန်ပ်သည် ဤယနေ့အဘို့မှာလည်း..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုအပ်တဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိဆောင်ကာ စောင့်ထိန်းအောင်မြင်နေဆဲ..အမှန်ဖြစ်ပါ၏၊
-အကျွန်ပ်သည် မနက်ဖန်နေ့အဘို့မှာလဲပဲ..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ
ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ
ဝေရမဏိ-လို့ဆိုအပ်တဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိဆောင်ကာ
စောင့်ထိန်းအောင်မြင်နိုင်လိမ့်ဦးမည် အမှန်ဖြစ်ပါ၏၊
-ဤမှန်ကန်သော
သစ္စာစကားကြီးအစွမ်းကြောင့်၎င်း၊-အကျွန်ပ်ကိုယ်တိုင်ရဲ့ ပြုပြီး ပြုဆဲ
ပြုလတ္တံ့ဖြစ်ကုန်သော အားလုံးကုန်သော မဟာကုသိုလ်ကံတရားသား သတ္တိအားများ
အမျိုးပေါင်းစုံကြောင့်၎င်း၊သဗ္ဗညုတရွှေဥာဏ်တော်ရှင် ဂေါတမမြတ်ဗုဒ္ဓရဲ့
ဂုဏ်ကျေးဇူုးတော် အာနုဘော်တော်တို့ကြောင့်၎င်း..
-အကျွန်အား
မန္တာန်အတတ်နှင့်ဆိုင်ရာများ,ဆေးအတတ်နှင့်ဆိုင်ရာများ,မဟာဂန္ဓာရီ
သိဒ္ဓိလမ်းစဉ်နှင့်ဆိုင်ရာများ,ကမ္မ၀ါဒတို့နှင့်ဆိုင်ရာများ,သမထကျင့်စဉ်တို့နှင့်ဆိုင်ရာများ
,အကျွန်ပ်ကိုယ်တိုင်ရဲ့ ယ္ခုပစ္စုပ္ပန်ဘ၀'အပါအ၀င် အတိတ်ဘ၀တို့နှင့်ဆိုင်ရာများ..လောကီနှင့်ဆိုင်ရာ အသိဥာဏ်စဉ်များ..အတတ်ဥာဏ်စဉ်များ
အမျိုးပေါင်းစုံ အားလုံးတို့တွင်
မေ့လျော့နေသည်များကို--အန္တရာယ်ကင်းရှင်းစွာနှင့်,ထင်ရှားရှင်းလင်းစွာဖြင့်
ပြန်လည်ကာ အောက်မေ့နိုင်ရပါစေသား,,အန္တရာယ်ကင်းရှင်းစွာနှင့်,
ထင်ရှားရှင်းလင်းစွာဖြင့် ပြန်လည်ကာ အောက်မေ့နိုင်ရပါစေသတည်း၊
(-အထက်ပါရေးသားချက်တို့ထဲက..ကျင့်စဉ်+သစ္စာဆိုနှင့်အထူးဆုတောင်းခြင်း-ဆိုတဲ့
လျှို့ဝှက်လုပ်ကွက်များကို ဤစာရေးသူအား ၂၀၁၆ ခုနှစ်ရဲ့ နှစ်ဆန်းတစ်နေ့ရဲ့
'ည'မှသည် ညပိုင်းအချိန် ပီနန်တောင် တောထဲအတွင်း..ကမ္မဋ္ဌာန်းလေ့ကျင့်မှုတို့
အပြီး..အိပ်ရာဝင်ခါနီးအချိန်..ညစဉ်ပုံမှန်ကျင့်ဝတ် ဖြစ်ပါ၍
ရှေးရှေးထွက်ရပ်ပေါက် ပုဂ္ပိုလ်ထူးများမှ အထူးလျှို့ဝှက်ထားကြတဲ့
တန်ဘိုးကြီးမားလှသော သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ
အစစ်အမှန်ဖြစ်ပါတယ်။)
"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၂ )
-အကျွန်ပ်သည် ဂေါတမဗုဒ္ဓအား
ကိလေသာကင်းစင်ပြီးသူ=ရဟန္တာဟူ၍၎င်း၊-တရားအလုံးစုံတို့တွင်
ထိုးထွင်းသီမြင်ပြီးသူ=သဗ္ဗညုတရွှေဥာဏ်တော်ရှင်ဟူ၍၎င်း..အကျွန်ပ်ရဲ့
စိတ်အိမ်နှလုံးသားထဲဝယ် လုံးဝကြီးပင် ယုံကြည်သိမှတ်ထားပါ၏၊
-ဤမှန်ကန်သော သစ္စာစကားကြီးအစွမ်းကြောင့်၎င်း၊-အကျွန်ပ်ကိုယ်တိုင်ရဲ့ ပြုပြီး
ပြုဆဲ ပြုလတ္တံ့ဖြစ်ကုန်သော အားလုံးကုန်သော မဟာကုသိုလ်ကံတရားသား သတ္တိအားများ
အမျိုးပေါင်းစုံကြောင့်၎င်း၊သဗ္ဗညုတရွှေဥာဏ်တော်ရှင် ဂေါတမမြတ်ဗုဒ္ဓရဲ့
ဂုဏ်ကျေးဇူုးတော် အာနုဘော်တော်တို့ကြောင့်၎င်း..
-အကျွန်အား
မန္တာန်အတတ်နှင့်ဆိုင်ရာများ,ဆေးအတတ်နှင့်ဆိုင်ရာများ,မဟာဂန္ဓာရီ
သိဒ္ဓိလမ်းစဉ်နှင့်ဆိုင်ရာများ,ကမ္မ၀ါဒတို့နှင့်ဆိုင်ရာများ,သမထကျင့်စဉ်တို့နှင့်ဆိုင်ရာများ
အပါအ၀င်..လောကီနှင့်ဆိုင်ရာ အသိဥာဏ်စဉ်များ..အတတ်ဥာဏ်စဉ်များ
အမျိုးပေါင်းစုံ အားလုံးတို့တွင် ထုံးလိုချေ ရေလိုနှောက်
အရည်ကျိုသောက်နိုင်သည့် အဆင့်သို့တိုင်အောင်
မြဲတည်မြဲခိုင်,,ပိုင်နိုင်စွာဖြင့် တတ်မြောက်ကျွမ်းကျင်ရစေသား..၊
- မြဲတည်မြဲခိုင်,,ပိုင်နိုင်စွာဖြင့် တတ်မြောက်ကျွမ်းကျင်ရစေသတည်း။
-အထက်ပါရေးသားချက်တို့ထဲက..ကျင့်စဉ်+သစ္စာဆိုနှင့်အထူးဆုတောင်းခြင်း-ဆိုတဲ့
လျှို့ဝှက်လုပ်ကွက်များကို ဤစာရေးသူအား ၂၀၁၆ ခုနှစ်..
နှစ်ဆန်းတစ်ရက်နေ့ရဲ့ အိပ်ရာထချိန်မှသည် နေ့စဉ်ပုံမှန်ကျင့်ဝတ် ဖြစ်ပါ၍
အစ္စလာမ်ဘာသာဝင်,ခရစ်ယာန်ဘာသာဝင်,ဟိန္ဒူဘာသာဝင် အခြားသောဘာသာဝင်များနဲ့
ဆိုကရေးတီး ပလေတိုးကဲ့သို့သော ဘာသာမဲ့ ကလေက၀များအပါအ၀င်..ယထာဘူတဥာဏ်စဉ်
ပရမတ္တဥာဏ်စဉ်မရှိနိုင်သော နလဘိန်းတုံးဗုဒ္ဓဘာသာဝင်'ညံ့ညံ့များနှင့်တကွ
မြတ်ဗုဒ္ဓရဲ့ဘုရားဂုဏ်ကျေးဇူးတော်တို့၌ အာဂမသဒ္ဓါ..အဓိဂမသဒ္ဓါတရားဖြင့်
မတုန်မလှုပ်ကြည်ညိုလေးမြတ်နိုင်သောအဆင့်တွင် ဗုဒ္ဓယုံကြည်မှု'မြဲခိုင်ထားခြင်း
မရှိနိုင်သေးသည့် လူညံ့ ရဟန်းညံ့ ကတုံးညံ့ညံ့တို့အနေနဲ့..လုံးဝပင်
အသုံးချခွင့်ကို မရနိုင် မဆက်ဆံနိုင်သော တန်ဘိုးကြီးမားလှသော
သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ အစစ်အမှန်ဖြစ်ပါတယ်။
-အထက်ပါရေးသားချက်တို့ထဲက..ကျင့်စဉ်+သစ္စာဆိုနှင့်အထူးဆုတောင်းခြင်း-ဆိုတဲ့
လျှို့ဝှက်လုပ်ကွက်များကို ဤစာရေးသူသည်
သိလသိက္ခာအဆင့်..၀ိသုဒ္ဓိအတန်းဝင်ထားခြင်းအခြေခံတို့ဖြင့်၎င်း၊-ယထာဘူတဥာဏ်စဉ်တို့တွင်
ရောက်ဆိုက်မြဲခိုင်ထားပြီးခြင်း အခြေခံတို့ဖြင့်၎င်း၊-မဟာဝိပသနာ(သင်္ခ
ါရုပေက္ခာ)ဥာဏ်စဉ်အတန်းဝယ် ရောက်ဆိုက်မြဲခိုင်ပြီးခြင်း
အခြေခံတရားဖြင့်၎င်း..အာဂမသဒ္ဓါ,အဓိဂမသဒ္ဓါတို့ဖြင့်
ဗုဒ္ဓယုံကြည်မှုတို့..မတုန်မလှုပ် မြဲခိုင်ထားပြီးခြင်း စိတ်သတ္တိကြီး'အခြေခံ
အင်အားများဖြင့်၎င်း..ဤယ္ခုနှစ် ၂၀၁၆ အတွင်းမှာပဲပေါ့နော..သိဒ္ဓိပေါက်နှင့်
ပါရမီဥာဏ်ပွင့်စေဘို့အတွက်..အထူးရည်ရွယ်ချက်နဲ့ နေ့စဉ်နေ့စဉ်
လေ့ကျင့်ခန်းဝင်ကာ..
"ငါ့အကြံ အောင်ရမည်"လို့..စိတ်ချလက်ချ နေပါသတည်းတဲ့ခင်ဗျာ..။
(-ဤစာမျက်နှာ ၂-ခုထဲက ရေးသားချက်တို့'အားလုံးသည် ဤစာရေးသူကဲ့သို့ အတုလိုက် လုပ်ဆောင်လိုသူ..
-ယထာဘူတဥာဏ်စဉ်'ရှိထားသူ+ဗုဒ္ဓယုံကြည်မှုတို့'မတုန်မလှုပ်'မြဲခိုင်ထားပြီးသူတို့အတွက်
လက်တွေ့အသုံးချနိုင်သည့်.. အောင်ခန်းဝင်'မဟာဂမ္ဘီရသင်္ခန်းစာများ အတိအကျ
ဖြစ်ပါ၏၊
-ဆုထူးပန်,ဆုကြီးပန်တို့အား အထူးမှာခဲ့ချင်တာကတော့..ကာမေသု
မိစ္ဆာစာရ နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိ-နဲ့ မိမိရဲ့ သီလသိက္ခာအဆင့်ကို
မြ~ှင့်တင်ပြင်းထန်ထားပါက လျင်စွာခရီးရောက်နိုင်ပါကြောင်းပေါ့နော..။)
"ယ္ခု စာဖတ်နေသူများအပါအ၀င် လူနတ် ၀ိဇ္ဇာဓိုရ်အပေါင်းတို့အား >စိမ်ရေပြယ်
ကျိန်စာဖယ်လို့ အကုသိုလ်ကွယ် အန္တရာယ်ပျောက်ပြီးလျင်
ကိုယ်စိတ်နှစ်ပါးစုံတို့၌
ကျမ္မာကြပါစေ၊ချမ်းသာကြပါစေ၊ဘေးရန်ဆင်းရဲအပေါင်းတို့မှ
ကင်းဝေး,ကင်းလွတ်ကြပါစေ၊..မိမိတို့အတွက် ရသင့် ရထိုက်သမျှသော
ကောင်းကျိုးသုခများကို 'အချိန်မှီအမြန်မှီ'ဖြစ်စေလျက်
ရရှိပိုင်ဆိုင်နိုင်ပါစေ၊-အချိန်မှီအမြန်မှီ ဖြစ်စေလျက်
ရယူပိုင်ဆိုင်နိုင်ပါစေ"..
ထိုက်http://www.blogger.com/profile/05602219441973846892noreply@blogger.com0tag:blogger.com,1999:blog-6354560518069713807.post-49762261240647004092016-03-21T21:34:00.003-07:002018-05-13T23:21:10.117-07:00"ဤယ္ခုနှစ် ၂၀၁၆-တစ်နှစ်လုံးအတွက်>သိဒ္ဓိပေါက်နှင့် ပါရမီဥာဏ်ပွင့်>အထူးကျင့်စဉ်များ(၃)"
(က)-ဤစာရေးသူအား အိပ်ရာဝင်တဲ့ အချိန်တိုင်းမှာပဲ မေတ္တာပွါးပို့ပြီးနောက်
သတိပဋ္ဌာန်မှတ်သိမှုတွေနဲ့အတူ စိတ်ခံစားမှု အေးငြိမ်းစွာနဲ့ သက်သာလွယ်ကူစွာ
အိပ်ပျော်တတ်အောင် လ,နှစ်များစွာ လေ့ကျင့်ခဲ့ပါတယ်။
-အဲဒီလိုမျိုး..လ,နှစ်များစွာ လေ့ကျင့်စွဲမြဲနိုင်တဲ့အတွက်ကြောင့်
ဤစာရေးသူအား..အိပ်ရာဝင်ပြီဆိုရင် သူ့အလိုအလျောက်ပင် မေတ္တာပွါးပို့ပေးရန်
သတိတွေက ပေါ်ထင်လာတတ်ပြီးတော့ ၀ီရိယတွေကလဲ တကယ်လက်တွေ့ပဲ
မေတ္တာပွါးပို့ပါတော့တယ်..သတိပဋ္ဌာန် မှတ်သိပါတော့တယ်။
(ခ)-ဤစာရေးသူအား
အိပ်ရာထတဲ့ အချိန်တိုင်းမှာလဲ မေတ္တာစိတ်ခံ..သတိပဋ္ဌာန်မှတ်သိမှုတွေနဲ့အတူ
စိတ်ခံစားမှု အေးငြိမ်းစွာနဲ့ အိပ်ရာထတတ်နိုင်အောင်..လ,နှစ်များစွာ
လေ့ကျင့်ခဲ့ပါတယ်။
-အဲဒီလိုမျိုး..လ,နှစ်များစွာ
လေ့ကျင့်စွဲမြဲနိုင်ခဲ့လို့..ဤစာရေးသူအား..အိပ်ရာထတဲ့အခါတိုင်းဝယ်..သူ့အလိုအလျောက်ပင်
မေတ္တာစိတ်ခံ..သတိပဋ္ဌာန်မှတ်သိမှုတွေက သူ့ဘာသာသူ
ဖြစ်ဖြစ်သွားတတ်တယ်..နည်းလမ်းမှန်စွာနဲ့ စွဲစွဲမြဲမြဲ လိုက်စားနိုင်ရင်
တကယ့်တရားသဘောက အံ့ဩလောက်အောင် အမှန်ဆန်းကြယ်ပါတယ်။
(ဂ)-ဤစာရေးသူမှာ
ပုထုဇဉ်သာမို့ ပိုက်ဆံရကြောင်းအတွက် လောဘရှိပါတယ်၊-ပိုက်ဆံရကြောင်းအတွက်
နေ့စဉ်လိုလို ဆိုင်ကယ်ပေါ်တက်ထိုင်ကာ ဟိုနားမောင်းသွား
ဒီနားမောင်းသွားနေတဲ့အခိုက်မှာလဲပဲ..ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ
ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ
ဝေရမဏိ-လို့ဆိုတဲ့ ၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင်
အထူးသတိတရနဲ့..စိတ်တွင်းထဲမှ တွတ်တွတ်ရွတ်ဆိုကာ စောင့်ထိန်းနေပါတယ်။
(ဃ)-ဤစာရေးသူမှာ ပုထုဇဉ်သာမို့လို့ လူတွေကြားဝယ် လှုပ်ရှားသွားလာရတဲ့အခိုက်
မိန်းကလေးလှတာ မြင်တွေ့မိသွားရင် သာမန်ယောက်ျားတွေလိုပဲ ငမ်းမိတတ်ပါတယ်၊
-အဲဒီလိုမျိုး မိန်းကလေးလှတာမြင်ရလို့ ငမ်းမိတတ်ပေမဲ့..ပါးစပ်နဲ့
ဟိုပြောဒီပြော..မပြောဆိုမိအောင်
သတိဆောင်နိုင်ခဲ့တယ်၊-မိန်းကလေးလှတာမြင်ရလို့
ငမ်းမိတတ်ပေမဲ့..မျက်စိမှိတ်ပြခြင်း..လျှာထုတ်ပြခြင်း..လက်ဖျစ်တွက်ခြင်း..လက်ခုတ်တီးခြင်း..လက်ဖြင့်
ဘယလို ညာလို အရိပ်နိမိတ်ပြခြင်း..စသည်ဖြင့် ရုပ်ဟန်အထားအနေ
ဖောက်လွှဲဖောက်ပြန်မှုတွေ မဖြစ်ခဲ့ပါ..မဖြစ်ရအောင်လဲ
သတိဆောင်နိုင်ခဲ့တယ်၊ဤစာရေးသူအား
မြန်မာနိုင်ငံတွင်၎င်း၊-ထိုင်းနိုင်ငံတွင်၎င်း၊အခု
ဒီမလေးရှားနိုင်ငံတွင်၎င်း..မိန်းမနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမှပင်
ဖောက်လွှဲဖောက်ပြန် မဖြစ်ဘူးပါ..မဖြစ်ရအောင်လဲ သတိဆောင်နိုင်ခဲ့တယ်..
-အထက်ပါရေးသားချက်များဖြင့် ..နည်းလမ်းမှန်စွာနဲ့ စွဲစွဲမြဲမြဲ
လိုက်စားနိုင်ရင် တကယ့်တရားသဘောက အံ့ဩလောက်အောင် အမှန်ဆန်းကြယ်ပါတယ်လို့
ဤစာရေးသူမှ အထူးသိစေချင်ကြောင်းပါ..။
(င)-ဤစာရေးသူမှာ
ပုထုဇဉ်သာမို့လို့ ပိုက်ဆံများများရပြီး သူဋ္ဌေးဖြစ်အောင်
မကြာခဏတွေးတတ်တယ်..သမ္မာအာဇီဝနဲ့ ပိုက်ဆံရကြောင်း..နည်းလမ်းရှာပါတယ်၊
-တစ်လတွင် မလေးငွေ RM တစ်သောင်းလောက်(မြန်မာကျပ် သိန်း ၃၀-ခန့်)ပုံမှန်
ရနိုင်အောင် ငါတို့တွေ ဘယ်လိုလုပ်ကြမလဲလို့ ၀ါရင့်ကန်ထရိုက်သမား
သူငယ်ချင်းများနဲ့ တမင်္ဂလာတွေ့ဆုံ..စားသောက်ကြရင်းနဲ့
မကြာခဏတိုင်ပင်တယ်..အဲဒီလိုမျိုး ပိုက်ဆံဘက်မှာ
လောဘတက်နေပေမဲ့...ပါဏာတိပါတာ ဝေရမဏိ,အဒိန္နာဒါနာ ဝေရမဏိ,ကာမေသုမိစ္ဆာစာရာ
ဝေရမဏိ,မုသာဝါဒါ ဝေရမဏိ,သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ-လို့ဆိုတဲ့
၅-ပါးသီလသိက္ခာပုဒ်တော်မြတ်တို့တွင် အထူးသတိတရနဲ့..စိတ်တွင်းထဲမှ
တွတ်တွတ်ရွတ်ဆိုဘို့ရန် မမေ့ခဲ့ပါ၊
-အလုပ်အားလပ်ချိန်..တစ်ကိုယ်တည်းနေရချိန်တွင်လဲ သတိပဋ္ဌာန်မှတ်သိဘို့ရန်
မမေ့ခဲ့ပါ..ညစဉ် ညစဉ် တောင်တက် တောတွင်းဝင်ကာ တစ်ကိုယ်တည်းနေလို့
သမထကျင့်ပွါးဘို့ရန် မပျက်ကွက်ပါ..
--အထက်ပါရေးသားချက်များဖြင့်
..နည်းလမ်းမှန်စွာနဲ့ စွဲစွဲမြဲမြဲ လိုက်စားနိုင်ရင် တကယ့်တရားသဘောက
အံ့ဩလောက်အောင် အမှန်ဆန်းကြယ်ပါတယ်လို့ ဤစာရေးသူမှ စာဖတ်သူများအတွက်
အထူးသိစေလို အထူးဖြစ်စေလိုပါကြောင်းခင်ဗျာ ။
++++++++++++++++++++ထိုက်http://www.blogger.com/profile/05602219441973846892noreply@blogger.com0tag:blogger.com,1999:blog-6354560518069713807.post-29619202879176180252016-03-21T21:38:00.002-07:002018-05-13T23:20:36.898-07:00"blogs တွေထဲမှာ post အသစ် တင်ပေးနေတာကိုလဲ ရပ်နားထားပါမည်""နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးရဲ့ နောက်ဆုံးနှစ်တွင် .facebook အသုံးပြုမှုကို ရပ်နားထားပါမည်"
-1987-ခုနှစ်..တပေါင်းလပြည့်နေ့အ၀င် အာရုံတက်မှ အဓိဋ္ဌာန် အထူးပြုကာ
စတင်ခဲ့သော ဤစာရေးသူရဲ့ "နှစ်ပေါင်း ၃၀-ဆက်တိုက်
အဓိဋ္ဌာန်ကျင့်စဉ်ကြီးသည်"..23/03/2016-ဗုဒ္ဓဟူးနေ့=အခုဒီနှစ်ရဲ့
တပေါင်းလပြည့်နေ့တွင် ၂၉-နှစ်တိတိ ပြည့်ပါပြီ။
-နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးအတွက် နောက်ထပ် တစ်နှစ်သာ လိုတော့တယ်ပေါ့နော..။
--အခုဆိုရင် ကျနော်သည် နှစ်ပေါင်း ၃၀ ဆက်တိုက် ပဒေသာကျင့်စဉ်ကြီး >
နောက်ဆုံးနှစ်ရဲ့ ချေမှုန်းရေး SHOW ကွင်းကြီးထဲမှာ
ရောက်ရှိနေချိန်,အလွန်အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်..
>> CCTV ကင်မရာတွေထက် ပိုမိုအစွမ်းထက်တဲ့
ဒိဗ္ဗစက္ခု=တန်ခိုးမျက်လုံးများနဲ့ ၀ိဇ္ဇာဓိုရ်တွေ နတ်တွေ ဗြဟ္မာအပါအ၀င်
တန်ခိုးလောကသားများက ကျနော့်ရဲ့ ONE MAN SHOW
စွမ်းရည်ဖော်ထုတ်ပြဆောင်မှုများကို အသေးစိပ်ကစလို့
ကြည့်ရှုမှတ်တမ်းတင်နေကြတဲ့အချိန်..ကျနော့်အနေနဲ့ အထူးဂရုထားရမဲ့အချိန်
ဖြစ်ပါတယ်။- နောက်ဆုံးနှစ်ရဲ့ ချေမှုန်းရေး SHOW ကွင်းကြီးထဲမှာ
ရောက်ရှိနေသူ=ကျနော့်သည် စိတ်ဓာတ်ဥာဏ်အစဉ်
ကြည့်လင်ဖြောင့်လင်းမှုတို့..ရှိနိုင်စေရေးအတွက် အာရုံတစ်ချို့ကို
လျစ်လျူထားကာ ပြတ်ခြားလိုက်ရမယ်ပေါ့နော..။
အဲဒါကြောင့်မို့.."နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးရဲ့ နောက်ဆုံးနှစ်တွင် .facebook အသုံးပြုမှုကို ရပ်နားထားပါမည်"
-blogs တွေထဲမှာ post အသစ် တင်ပေးနေတာကိုလဲ ရပ်နားထားပါမည်။
(-ဤ blogs ထဲက post အဟောင်းများကိုလဲပဲ ခေတ္တ၀ှက်သိမ်းထားကာ စိစိစစ်စစ်နဲ့ ပြန်လည်ဖော်ပြပေးထားမည်။)
-အင်အာနက်အသုံးပြုမှုတွေ အားလုံး ရှောင်ကြဉ်မည်။
-ခြွင်းချက်အနေနဲ့ကတော့ အလွန်အရေးကြီးတဲ့ ဒိဗ္ဗစက္ခု အဖြေစဉ်တစ်ချို့ကို.. အချိန်အခါသိကာ ဖော်ပြပေးထားမည်။
-စာဖတ်သူ မိတ်ဆွေများနှင့်အသိအခင်တွေအားလုံး လူနတ်သတ္တ၀ါပေါင်းစုံ
အကုန်လုံးတို့အား စိမ်ရေပြယ် ကျိန်စာဖယ်လို့ အကုသိုလ်ကွယ်
အန္တရာယ်ပျောက်ပြီးလျင် ကိုယ်စိတ်နှစ်ပါးစုံတို့၌
ကျမ္မာကြပါစေ..ချမ်းသာကြပါစေ..ဘေးရန်ဆင်းရဲအပေါင်းတို့မှ
ကင်းဝေးကင်းလွတ်ကြပါစေ-မိမိတို့အတွက် ရသင့်ရထိုက်သမျှသော
အကောင်းအမြတ်သုခတရားများကို
-လွယ်ကူလျင်မြန်စွာနဲ့ အချိန်အမြန်မှီအောင် ရယူပိုင်ဆိုင်နိုင်ကြပါစေ၊
--လွယ်ကူလျင်မြန်စွာနဲ့ အချိန်အမြန်မှီအောင် ရရှိပိုင်ဆိုင်နိုင်ကြပါစေ၊
Like
3Aung Thawzin Oway and 2 others
ထိုက်http://www.blogger.com/profile/05602219441973846892noreply@blogger.com0